Bluray Movie - CODE - BD719
Video Qualities: 1080p Bluray
Audio Qualities: DTS - 5.1
Subtitle: Burmese - English
File Size: 10.2 GB 📁
Armor (2024) ဒီတစ်ခါတော့ အခုမှအသစ်ထွက်ထားတဲ့ Expendables franchise နဲ့Rocky မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ Actionဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအစမှာတော့ James Brody လို့ခေါ်တဲ့ ရဲအရာရှိဟောင်းတစ်ယောက်ဟာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် သားဖြစ်သူCasey ကိုလည်း ဂရုမစိုက်နိုင် အရက်တွေသောက်ပြီး အလုပ်ထွက်ထားရတဲ့ သူတစ်ယောက်ပါ။ဒါကြောင့် အရက်ဖြတ်ချင်ယောက်ဆောင်ပြီး အရက်ခိုးသောက်နေတဲ့သူပေါ့။Casey မှာလည်း Sarah လို့ခေါ်တဲ့ ဇနီးသည်နဲ့အတူ မွေးတော့မယ့်ကလေးလေးလည်းရှိပါသေးတယ်။သူတို့သားအဖဟာ ဘဏ်ကပိုက်ဆံကားမောင်းတဲ့အလုပ်မှာတူတူလုပ်နေကြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိပါတယ်။တစ်နေ့ ပိုက်ဆံသွားပို့ရင်း လမ်းမှာ ဓားပြတိုက်ခံရလို့ သားအဖနှစ်ယောက် သံချပ်ကာကားကြီးထဲမှာ တစ်ချိန်လုံးပုန်းနေရပါတော့တယ်။ထူးဆန်းတာက ပိုက်ဆံများများစားစားမပါပေမဲ့ ဓားပြအင်အားကတော့အထူးတပ်ဖွဲ့အဆင့်ရှိတဲ့အတွက် ပါးနပ်နဲ့James ဟာ ပိုက်ဆံသက်သက်အတွက်လိုက်လာတာမဟုတ်မှန်းသိလိုက်ပါတော့တယ်။ဒီတော့ ဓားပြတွေကဘာကိုလိုချင်လို့ James တို့သားအဖကို တိုက်ခိုက်တာလဲ…James တို့သားအဖကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးမှာအဖြေရှာရင်း
ကြည့်ရှု့ဖို့အကြံပေးချင်ပါတယ်..Credit Review