Demon City 2025 - 4K

 
4K UHD Movie - CODE - 4KS44
Video Qualities: 2160p SDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 13.4 GB 📁

Demon City (2025) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့Demon City ဆိုတဲ့ဂျပန်အက်ရှင်ကားလေးပဲဖြစ်ပါတယ်..ဒီကားလေးဟာဆိုရင် အသတ်အပုတ်အတိုက်အခိုက်ခန်းများတင်းကြမ်းပါဝင်လို့ အက်ရှင်ဇာတ်ကားချစ်သူများအတွက်
အရသာတွေ့စေမှာ သေချာပါတယ်…Sakata ဟာဆိုရင် လက်မရွံ့လူသတ်သမားတစ်ယောက်ဖြစ်ပြီးShinjo မြို့တော်ရဲ့ ဒဏ္ဍာရီအတိုင်း နတ်ဆိုးဝင်ပူးနေသူလို့လည်းသတ်မှတ်ခံသူတစ်ယောက်ဖြစ်ပါတယ်..Shinjo မြို့တော်တွင် အင်အားချင်းပြိုင်နေသည့် ယာကူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းရှိရာ ဇာတ်လမ်းအစမှာပဲ Sakata လက်ချက်နဲ့ ဂိုဏ်းတစ်ဂိုဏ်းဟာ ကိစ္စတုံးခဲ့ရပါတယ်..ထိုသို့ကိစ္စတုံးအပြီး Sakata တစ်ယောက်ဟာ မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းအလုပ်လုပ်ရင်း ဖြတ်သန်းဖို့ဆုံးဖြတ်ကာလက်မရွံ့လူသတ်သမားအဖြစ်က အနားယူဖို့လုပ်ချိန်မှာတော့အနားယူခွင့်မပေးလိုတဲ့သူတချို့ဟာ Sakata ရဲ့အေးချမ်းပျော်ရွှင်နေတဲ့မိသားစုဘဝလေးကို ဖျက်ဆီးကာ ၎င်းကိုသတ်ဖြတ်ဖို့ အိပ်မက်ဆိုးသဖွယ်လာခဲ့ပါတယ်…သာမန်အလုပ်ကလေးတစ်ခုကို ရှာဖို့ ဇနီးဖြစ်သူနဲ့တိုင်ပင်ထားကြတဲ့Sakata တို့ရဲ့ အိမ်ဂေဟာလေးအတွင်းကို ဘယ်သူဘယ်ဝှာမှန်းမသိတဲ့မျက်နှာဖုံးစွပ်အဖွဲ့တွေ ရောက်လာပြီး သမီးနဲ့ ဇနီးကို ချုပ်ကိုင်ကာSakata ကို အလွယ်တကူပဲ သတ်ဖို့လုပ်ပါတယ်…ဒေသတွင်းသတင်းများမှာတော့ ဇနီးဖြစ်သူနှင့် သမီးကို ပစ်သတ်ကာကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ Sakata အကြောင်းဟာဟိုးလေးတကြော်ဖြစ်ခဲ့ပြီး လူသတ်မှုနှင့် ထောင်ကျခဲ့ရပါတယ်…ထိုဖြစ်စဉ်အပြီး ၁၂ နှစ်အကြာ ထောင်ကထွက်လာတဲ့ Sakata ဟာသေနတ်ဒဏ်ရာကြောင့် ဦးနှောက်သေသလိုဖြစ်နေခဲ့ပေမဲ့ ထောင်ထွက်ဖြစ်သူ ၎င်းထံ အပြတ်ရှင်းဖို့ မျက်နှာဖုံးစွပ်များ အလျှိုအလျှိုရောက်လာချိန်မှာတော့ ဒဏ်ရာရလျက်သားနဲ့ လက်စားချေဖို့အခွင့်ကြုံလာပါတော့တယ်..ဒီကာလေးဟာဆိုရင် သွေးအလိမ်းလိမ်းသတ်ပုတ်ခန်းများ ကြုံရာကျပန်းထိုးသွင်းခုတ်ထစ်ခန်းများ မီးတောက်ပေါက်ကွဲသည့်အက်ရှင်ခန်းများနှင့်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်တဲ့အပြင်စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များလည်း ပါဝင်တာကြောင့်အက်ရှင်ကားချစ်သူပရိသတ်များ ကြည့်ရှုခံစားနိုင်စေဖို့ ညွှန်းဆို
တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…..Credit Review