Bluray Movie - CODE - BD773
Video Qualities: 1080p Bluray
Audio Qualities: DTS - 5.1
Subtitle: Burmese - English
File Size: 8.24 GB 📁
Home Sweet Home: Rebirth (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် သဘာဝလွန်Fantasy ဇာတ်ကားအမျိုးအစားလေးဖြစ်ပါတယ်။ဂျိတ် ဟာ ရဲတပ်ဖွဲ့ကနေ အနားယူပြီးနောက် သာမန်စီးပွားရေးသမားတစ်ယောက်ဖြစ်လာပြီး အားလပ်ရက်မှာ
ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးလေး ပရန်း၊ သမီးလေးဖြစ်သူလူး တို့နဲ့ အတူ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ဘန်ကောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုန်းကြီးတစ်ပါးနဲ့ ဆုံပြီး ဘုန်းကြီးက ဂျိတ်ရဲ့ အနာဂတ်မှာအပြောင်းအလဲကြီးကြီးမားမားဖြစ်မဲ့အကြောင်းကြိုတင်နိမိတ်ဖတ်လိုက်ပါတယ်။ဒီလိုနဲ့ပဲ အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးတော့ စျေးဝယ်စင်တာအရောက်မှာတော့ သေနတ်ကိုင် အကြမ်းဖက်သမားတစ်ယောက်နဲ့ ဆုံပါတော့တယ်။ ဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြားထဲမှာ ပြေးရင်းလွှားရင်း ပရလောကစည်းပေါက်သွားပြီး ပရလောကသားနတ်ဆိုးတွေပါကမ္ဘာပေါ်ကလူသားတွေကို ပူးကပ်သွားတဲ့အခါမှာတော့ ….ဂျိတ် တို့ မိသားစု ဘယ်လိုတွေကြုံတွေ့ရမလဲ….ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေခဲ့တာလဲ….ဘုန်းကြီးဟောတဲ့ ဂျိတ်ရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ….သည်းထိတ်ရင်ဖို တစ်ချက်မှ ပျင်းစရာမရှိအောင် ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့
ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……..Credit Review