Nobody 2 2025 - 4K & Bluray

 
4K UHD Movie - CODE - 4K829
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 16.7 GB 📁

Nobody 2 2025 - IMDb Rating (6.7) / Rotten Tomatoes (78%)
၂၀၂၁ က ရှယ်ကြမ်းခဲ့ပြီး Box Office မှာလည်း တော်တော်ဝင်ငွေကောင်းခဲ့တဲ့ Nobody ကတော့ ယခု ( 2 ) ထပ်မံထွက်ရှိလို့ လာပါပြီ.....
ပထမရုပ်ရှင်တုန်းကတော့ ဂျွန်ဝစ်ထက် ကောင်းတယ်လို့တောင် ယူဆတဲ့သူတွေရှိခဲ့ပါတယ်။
သာမန်ရိုးရိုးအေးအေး အိမ်ထောင်ရှင်တစ်ယောက်က တစ်လောကလုံးက ကြောက်ရတဲ့ အေးဂျင့်ဟောင်းကြီး ဖြစ်နေပြီး မာဖီးယားတွေကို ကျုံးတဲ့ဇာတ်လမ်းမျိုးပါ။
ပထမရုပ်ရှင်မှာ သူ့လက်က တက်တူးကိုမြင်ပြီး ကြောက်သွားကြတဲ့အခန်းတစ်ခန်းကိုလည်းတွေ့မှာပါ အဲဒီတက်တူးကတော့ စပိတ်-၇ ဖဲ နဲ့ ထောင့်-၂ ဖဲ ပုံပဲဖြစ်ပါတယ်။
အဲဒီဖဲနှစ်ချပ်ကို လူသေလက်လို့ ခေါ်ပါတယ်။ ပိုကာမှာ အညံ့ဆုံးဖဲနှစ်ချပ်ပါပဲ။
မဖြစ်နိုင်တဲ့ အသေခံစစ်ဆင်ရေးတွေကို လုပ်တဲ့လူတွေကို ထိုးပေးတဲ့ တက်တူးမျိုးပါ။
ဒါကြောင့် ဟက်ချ်ရဲ့အတိတ်ကို အကျယ်မပြပေမဲ့ ဒီတက်တူးနဲ့တင် စစ်ဆင်ရေးတွေအများကြီးမှာ အသေအကြေကျုံးခဲ့ဖူးသူမှန်းသိသာနေတာပါ။
အခု ဒုတိယရုပ်ရှင်မှာတော့ သူ့မိသားစုက သူ့အကြောင်းကို သိနေပါပြီ။ ဒါပေမဲ့ အလုပ်နဲ့ မိသားစုကို သူ သပ်သပ်ခွဲပြီးနေနေတုန်းပါပဲ။
ဒီလိုနဲ့ နွေရာသီ ပိတ်ရက်မှာ မိသားစုလိုက် အေးဆေး အမှတ်တရခရီးထွက်မယ်ဆိုပြီး မြို့လေးတစ်မြို့ကို ထွက်လာခဲ့ပါတယ်။
ဖြစ်ချင်တော့ တစ်မြို့လုံးကို နောက်ထပ် ရာဇဝတ်ဂိုဏ်းကြီးတစ်ခုက ဦးစီးနေတာဖြစ်ပြီး ပြဿနာတွေမတော်တဆကြုံရတယ်အခါ
စစ်ပြန်အဖေ နဲ့ အထူးအေးဂျင့်ဟောင်း သားအဖတို့ တစ်မြို့လုံးနဲ့ 
တစ်ယောက် ထပ်ကျုံးရပါတော့တယ်..Credit Review