Weapons 2025 - 4K

 
4K UHD Movie - CODE - 4K836
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 20.7 GB 📁

Weapons 2025 IMDb Rating (7.8) / Rotten Tomatoes (94%)
2025 ရဲ့ နာမည်အကြီးဆုံး ဟော်ရာရုပ်ရှင်ထဲကတစ်ခုဖြစ်သွားတဲ့ Weapons လာပါပြီ။ 
ဟော်ရာရုပ်ရှင် အများစုဟာ IMDB 6 ကျော်ရင်ကို ဘောင်ဝင်တန်းဝင်ဖြစ်တာများပါတယ်။ 
ဒီရုပ်ရှင်ကတော့ IMDb 7.8 ဆိုတာ အတော်မြင့်လွန်းတယ်လို့ပြောလို့ရပါတယ်။ 
ဒါရိုက်တာ Zach Cregger ဆိုတာ ၂၀၂၂ တုန်းကလည်း Barbarian ဟော်ရာကားကို Rating 7 အထိ ရအောင်လက်စွမ်းပြထားတဲ့ ဒါရိုက်တာပါ။
 သရုပ်ဆောင်တွေကတော့ Ozark စီးရီးနဲ့ နာမည်ကြီးလာပြီး နောက်ဆုံးထွက် Fantastic Fours ထဲမှာ Silver Surfer အဖြစ် 
အစွမ်းပြထားတဲ့ Julia Garner နဲ့ Thanso မင်းသားကြီး Josh Brolin တို့ပါပဲ။ 
ဇာတ်လမ်းအကျဉ်း
မြို့လေးတစ်မြို့ရဲ့ ညတစ်ညမှာ မူလတန်းကျောင်းတစ်ခုရဲ့ အတန်းတစ်ခုထဲမှာရှိတဲ့ ကလေးတွေအားလုံးဟာ တပြိုင်တည်း အိမ်ထဲကနေ
 ထူးထူးဆန်းဆန်ပြေးထွက်သွားကြပြီး ပျောက်ဆုံးသွားပါတော့တယ်။ 
အဲဒီအတန်းတစ်တန်းလုံးမှာ ကလေးတစ်ယောက်ပဲ ကျန်နေခဲ့တာပါ။ အခြားအတန်းက ကလေးတွေမှာလည်း ဘာမှထူးထူးခြားခြားမဖြစ်ပါဘူး။ 
ဒီတော့ အတန်းပိုင်ဆရာမ ဂျက်စတင်းကို တစ်မြို့လုံးက မသင်္ကာဖြစ်ပြီး မကျေနပ်ကြပါဘူး။ 
ဒါပေမဲ့ ဂျက်စတင်းကလည်း ဒီအဖြစ်အပျက်ကို အဖြေသိချင်လို့ လိုက်စုံစမ်းနေတဲ့သူတွေထဲက တစ်ယောက်ပါပဲ။ 
ဒီလိုနဲ့ မြို့သူမြို့သားတွေ၊ ရဲတွေ နဲ့ ဆရာမတို့ အဖြေရှာဖို့ ကြိုးစားနေတဲ့အထဲကနေ 
ကြောက်စရာအဖြစ်အပျက်တွေ တစ်ခုခုဖြစ်လာတဲ့အခါ.....Credit Review