Cold Storage 2026 - 4K & Bluray

 
4K UHD Movie - CODE - 4K867
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 21.5 GB 📁

Cold Storage (2026) IMDb Rating (6.4) / Rotten Tomatoes (78%) ဒီတစ်ခါတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အသစ်ထွက်ထားတဲ့ "Cold Storage" ဆိုတဲ့ ရုပ်ရှင် တင်ပေးထားပါတယ်။
ဒီကားက ရိုးရိုး သွေးထွက်သံယို သရဲကားမျိုးမဟုတ်ဘဲ သိပ္ပံစိတ်ကူးယဉ်၊ ဟာသနဲ့ အက်ရှင်ကို သေသေချာချာ ရောမွှေထားတဲ့ ကားမျိုးပါ။ 
မင်းသားကတော့ Stranger Things စီးရီးထဲက ဂျိုးကီးရီး (Joe Keery) နဲ့ မင်းသမီး ဂျော်ဂျီနာ ကမ်းဘဲလ် (Georgina Campbell) 
တို့ အဓိကပါဝင်ထားပြီး၊ ကျွန်တော်တို့ရဲ့ အက်ရှင်မင်းသားကြီး လီယန်နီဆင် (Liam Neeson) လည်း အမိုက်စား ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာကာသထဲကနေ ပြုတ်ကျလာတဲ့ အရာတစ်ခုကနေတစ်ဆင့် အရမ်းကို ကူးစက်မြန်ပြီး သက်ရှိတွေကို 
ထိန်းချုပ်နိုင်တဲ့ မှိုပိုးမွှားတွေ ကမ္ဘာပေါ် ရောက်လာတယ်။ အစိုးရက အဲဒီပိုးမွှားတွေကို လျှို့ဝှက်စစ်စခန်းတစ်ခုရဲ့ မြေအောက်ခန်းထဲမှာ 
အအေးခံစနစ်နဲ့ သွားပိတ်လှောင်ထားခဲ့တာပေါ့။ အချိန်တွေ အတော်ကြာလာတော့ အဲဒီစစ်စခန်းဟောင်းကြီးရဲ့ အပေါ်ထပ်က သာမန် ပစ္စည်းသိုလှောင်ရုံ (Self-storage facility) 
ကြီး ဖြစ်လာတယ်။ ဇာတ်လမ်းက အဲဒီသိုလှောင်ရုံမှာ ညဆိုင်းစောင့်ရတဲ့ လုံခြုံရေးဝန်ထမ်း နှစ်ယောက်ဖြစ်တဲ့ တီးကိတ် (Teacake) နဲ့ နေအိုမီ (Naomi) 
တို့ဆီကနေ စတာပါ။ တစ်ညကျတော့ မြေအောက်ခန်းထဲက အပူချိန်တွေတက်လာပြီး ဟိုအရင်က ပိတ်လှောင်ထားတဲ့ မှိုပိုးမွှားတွေ အပြင်ကို ထွက်လာပါတော့တယ်။ 
အဲဒီပိုးတွေက ကြွက်တွေ၊ ကြောင်တွေကစလို့ လူတွေဆီကိုပါ ဝင်ရောက်ကူးစက်ပြီး ကိုယ်တွင်းကနေ ဖောက်ထွက်တာတို့၊ အကောင်တွေ
ကူးစက်ခံရပြီး သောင်းကျန်းတာတို့နဲ့ ရုံထဲမှာ တစ်သိုက်ကြီး ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့။
ဒီလိုနဲ့ ကမ္ဘာပျက်မယ့်အရေးကို တားဆီးဖို့အတွက် အရင်ကတည်းက ဒီပိုးမွှားတွေအကြောင်း ကောင်းကောင်းသိနေတဲ့ အငြိမ်းစား
ဇီဝအကြမ်းဖက်မှု နှိမ်နင်းရေး အရာရှိဟောင်းကြီး ရောဘတ် ရောက်လာပါတယ်။ 
သူတို့သုံးယောက်ပေါင်းပြီး ဒီပိုးမွှားတွေ အပြင်ကို မပြန့်သွားအောင် ဗုံးခွဲပြီး ရှင်းလင်းဖို့ ကြိုးစားကြတဲ့ တစ်ညတာ အလွဲလွဲအချော်ချော်
အသက်လုပွဲကို ရင်တမမနဲ့ ကြည့်ရမယ့်ကားပါ။ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။ ဇာတ်ဝင်ခန်းတွေက ရွံစရာကောင်းပေမဲ့ ဟာသလေးတွေ နှောထားတော့ 
ရယ်လည်းရယ်ရတယ်။သိပ်ပြီး ခေါင်းစားခံစရာမလိုဘဲ အက်ရှင်နဲ့ ဟာသကို ပေါက်ပေါက်ဆုပ်လေးစားရင်း အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက်တော့
တကယ်ကို အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားပါပဲ..Credit Review