Mercy 2026 - 4K & Bluray

 
4K UHD Movie - CODE - 4K865
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 22.5 GB 📁

Mercy (2026) ဒီတစ်ခါတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ စိတ်ကူးယဉ် သိပ္ပံနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားသစ် "Mercy (2026)" တင်ပေးထားပါတယ်။ 
ဒီကားမှာ နာမည်ကြီး မင်းသား Chris Pratt နဲ့ မင်းသမီး Rebecca Ferguson တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး 
ဒါရိုက်တာ Timur Bekmambetov က ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မဝေးတော့တဲ့ အနာဂတ်ကာလရဲ့ လော့စ်အိန်ဂျလိစ်မြို့ကို အခြေခံထားတယ်။ 
မြို့မှာ ပြစ်မှုကျူးလွန်မှုတွေ အရမ်းများလာတဲ့အတွက် တရားခံတွေကို လူတွေအစား "Mercy Court" လို့ခေါ်တဲ့
 ဉာဏ်ရည်တု (AI) တရားသူကြီးက စစ်ဆေးစီရင်တဲ့ စနစ်ကို ကျင့်သုံးလာကြတယ်။
ဇာတ်ကောင် Chris Raven (Chris Pratt) က ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ဒီ AI တရားစီရင်ရေးစနစ်ကို 
အရမ်းထောက်ခံခဲ့သူပေါ့။ ဒါပေမဲ့ တစ်ရက်ကျတော့ သူကိုယ်တိုင် သူ့မိန်းမဖြစ်သူ Nicole ကို -တ်မှုနဲ့ စွပ်စွဲခံရပြီး
Mercy Court ရဲ့ AI တရားသူကြီး Maddox (Rebecca Ferguson) ရှေ့မှာ ရောက်နေပါလေရော။ 
သူက အရက်မူးပြီး အတိတ်မေ့နေတဲ့အတွက် တကယ်ပဲ သူ-တ်တာလား၊ မ-တ်ဘူးလားဆိုတာကို သေချာမသိဘူး။
ဒီတရားရုံးရဲ့ စည်းကမ်းက တရားခံကို အထောက်အထားတွေ ရှာဖွေခွင့်၊ ကင်မရာ မှတ်တမ်းတွေ ကြည့်ခွင့်ပေးထားပြီး
 သူ့ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ အချိန် (၉၀) မိနစ် အတိအကျ ပေးထားတယ်။ 
ပေးထားတဲ့ (၉၀) မိနစ်အတွင်းမှာ သူ အပြစ်မရှိကြောင်း သက်သေမပြနိုင်ရင် AI က သူ့ကို ချက်ချင်း သေဒဏ်ပေးမှာပါ။ 
ဒါကြောင့် Chris တစ်ယောက် အချိန်မီ သက်သေပြနိုင်မလား၊ တကယ်ပဲ သူ့မိန်းမကို သူသတ်ခဲ့တာလား၊ ကွယ်ဝှက်ထားတဲ့ 
လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။
ဒီကားက ဇာတ်အိမ်တည်ထားပုံ စိတ်ဝင်စားစရာကောင်းပါတယ်။ AI နည်းပညာနဲ့ စုံထောက်ဇာတ်လမ်းကို ပေါင်းစပ်ထားပြီး 
Screenlife ပုံစံမျိုးနဲ့ (ကင်မရာမှတ်တမ်းတွေ၊ မျက်နှာပြင်တွေကနေတစ်ဆင့်) အမှုလိုက်ရတာဆိုတော့ ဆန်းသစ်မှုရှိတယ်။
 အချိန်အကန့်အသတ်နဲ့ သက်သေပြရတာဖြစ်လို့ ဇာတ်လမ်းက မြန်မြန်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းပါတယ်။
Chris Pratt ရဲ့ အသက်လုပြီး အမှုလိုက်ရတဲ့ သရုပ်ဆောင်ချက်တွေရယ်၊ Rebecca Ferguson ရဲ့ တည်ငြိမ်ပြီး 
လူသားဆန်လာတဲ့ AI တရားသူကြီး သရုပ်ဆောင်ချက်တွေအပြင် အက်ရှင်ခန်းတွေလည်း ပါနေတာမို့ ပျင်းဖို့လည်းမကောင်းဘဲ 
ကြည့်လို့ကောင်းမှာပါ..Credit Review