4K UHD Movie - CODE - 4K135D
Video Qualities: 2160p HDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 21.1 GB 📁
Stolen Girl (2026) "Stolen Girl" ရုပ်ရှင်ကတော့ သမီးငယ်လေးကို ပြန်လည်ရှာဖွေဖို့ မိခင်တစ်ဦးရဲ့ဇွဲလုံ့လနဲ့ အန္တရာယ်တွေအများကြီးကို ရင်ဆိုင်ရတဲ့ခရီးကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ သမီးငယ်ကို ကလေးဖခင်ဖြစ်သူက အရှေ့အလယ်ပိုင်းဒေသကိုခိုးယူသွားပြီးတဲ့နောက် မိခင်ဖြစ်သူက
ဆယ့်နှစ်နှစ်ကြာ လိုက်လံရှာဖွေနေခဲ့ပါတယ်။ မိခင်ဖြစ်သူ Maureen ဟာ ကလေးခိုးယူတဲ့နေရာမှာကျွမ်းကျင်သူတစ်ဉီးဖြစ်သလို အမေရိကန်
ရေတပ်တပ်သားဟောင်းတစ်ဦးလည်းဖြစ်တဲ့ Robeson နဲ့ပူးပေါင်းပြီး သမီးငယ်ကိုပြန်ရဖို့ကြိုးစားရင်း
သူလျှိုလုပ်ငန်းနဲ့နိုင်ငံတကာလျှို့ဝှက်ချက်တွေကြားမှာ အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်ရပါတော့တယ်။
ကလေးပျောက်ဆုံးတဲ့အချိန်ကာလ ကြာမြင့်နေပြီဖြစ်သလို သစ္စာဖောက်မှုတွေနဲ့ခြိမ်းခြောက်မှုတွေကြားမှာ
မိခင်တစ်ဦးရဲ့မေတ္တာစမ်းသပ်ခံခဲ့ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
"Stolen Girl" ဟာ မိခင်တစ်ဦးရဲ့ဇွဲလုံ့လနဲ့မေတ္တာကို ဇာတ်လမ်းဖွဲ့ထားတဲ့ စိတ်လှုပ်ရှားစရာ
ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပြီး အထူးသဖြင့် လက်တွေ့ဘဝဖြစ်ရပ်မှန်တွေကို ကြိုက်နှစ်သက်သူတွေနဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေကို
နှစ်သက်သူတွေအတွက် ကြည့်ရှုဖို့သင့်တော်ပါတယ်..Credit Review
-picsay%20(9).jpg)