Zootopia 2 2026 - 4K & Bluray

 
4K UHD Movie - CODE - 4K866
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 14.5 GB 📁

Zootopia 2 (2026) IMDb Rating (7.5) / Rotten Tomatoes (91%) Zootopia 2 မှာတော့ ပရိသတ်အချစ်တော် ရဲအရာရှိ ဂျူဒီဟော့ပ် (Judy Hopps) နဲ့ နစ်ခ်ဝိုင်းလ် (Nick Wilde) တို့ဟာ ဇူးတိုးပီးယားမြို့တော်ရဲ့ သမိုင်းကြောင်းနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်ရတော့မှာပါ။
ဇာတ်လမ်းအကျဉ်း ဂျူဒီနဲ့ နစ်ခ်တို့က မြို့တော်ရဲ့ နာမည်ကြီး "ရာသီဥတုထိန်းနံရံတွေ" (Weather Walls) ကို တီထွင်ခဲ့သူတွေအဖြစ် လူသိများတဲ့ လင့်ခ်စလေ (Lynxley) မိသားစုရဲ့ လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရပါတယ်။ ဒီလျှို့ဝှက်ချက်ဟာ ဇူတိုးပီးရားရဲ့ အပယ်ခံ တွားသွားသတ္တဝါတွေနဲ့ ပတ်သတ်နေတာပါ။ ဒီသမိုင်းမှန်ကို ဖုံးကွယ်ချင်နေတဲ့ လင့်ခ်စလေမိသားစုက လုပ်ကြံလိုက်လို့ ဂျူဒီနဲ့ နစ်ခ်တို့ခမျာ ရဲမှူးဘိုဂိုကို လုပ်ကြံတယ်ဆိုပြီး စွပ်စွဲခံရကာ ဝရမ်းပြေးတွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရပါတော့မယ်။ 
သူတို့ အပြစ်ကင်းကြောင်း သက်သေပြဖို့နဲ့ တွားသွားသတ္တဝါတွေရဲ့ သိက္ခာကို ပြန်ဆယ်ဖို့အတွက် ဂျူဒီနဲ့ နစ်ခ်တို့ဟာ သူငယ်ချင်းသစ်တွေဖြစ်တဲ့ ဂယ်ရီ (Gary) လို့ခေါ်တဲ့ မြွေတစ်ကောင်ရယ်၊ နစ်ဘယ်လ် (Nibbles) လို့ခေါ်တဲ့ ဘီဗာတစ်ကောင်ရယ်နဲ့ ပူးပေါင်းလိုက်ပြီး ရေခဲမြို့တော် (Tundratown) အောက်မှာ နှစ်ပေါင်းများစွာ မြှုပ်နှံခံထားရတဲ့ တွားသွားသတ္တဝါ ရပ်ကွက်ဟောင်းဆီကို စွန့်စားသွားရောက်ပြီး  အထောက်အထားကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။
ဇူတိုးပီးရားထုံးစံအတိုင်း မတူတဲ့သူတွေရဲ့ ညီညွှတ်ရေးတွေ၊ သူငယ်ချင်းစိတ်ဓာတ်တွေကို ဟာသတွေနဲ့ရောနှောပြီး ကြည့်ရမှာပါ။ 
အသံသရုပ်ဆောင်တွေကတော့ 
Ginnifer Goodwin - Judy Hopps (ဂျူဒီဟော့ပ်) အဖြစ်
Jason Bateman - Nick Wilde (နစ်ခ်ဝိုင်းလ်) အဖြစ်
Ke Huy Quan - Gary (ဂယ်ရီ) - (ဇာတ်ကောင်သစ် မြွေ) အဖြစ်
Fortune Feimster - Nibbles (နစ်ဘယ်လ်) - (ဇာတ်ကောင်သစ် ဘီဗာ) အဖြစ်
Idris Elba - Chief Bogo (ရဲမှူးဘိုဂို) အဖြစ်
Nate Torrence - Clawhauser (ကလောဟောင်ဆာ) အဖြစ်
Maurice LaMarche - Mr. Big (မစ္စတာဘစ်) အဖြစ်
Raymond S. Persi - Flash (ဖလက်ရှ်) အဖြစ် ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်..Credit Review