No Hard Feelings (2023) Bluray

 
Bluray Movie - CODE - BD533
Video Qualities: 1080p Bluray
Audio Qualities: DTS-HD Master 
Subtitle: Burmese - English
File Size: 11.4 GB 📁

No Hard Feelings (2023) ဂျနီဖာလောရန့်ရဲ့ ရုပ်ရှင်အသစ် တင်ပေးထားပါပြီ။ သရုပ်ဆောင်သစ် Andrew Barth Feldman နဲ့အတူ သရုပ်ဆောင်ထားတဲ့ ဟာသ အချစ်ကားလေးပါ။ ဒီရုပ်ရှင်မှာပါဝင်ဖို့အတွက် မင်းသား Andrew Barth Feldman ဟားဗက်တက္ကသိုလ်တက်ဖို့ကို နောက်ရွှေ့ခဲ့တာ နာမည်ကြီးပါပဲ။ ဒါပေမဲ့ J Law နဲ့ အတူတွဲရကတည်းက တန်နေပါပြီ။ အထူးသဖြင့် J Law ရဲ့ တုံးလုံးခန်းပါနေတာကြောင့်ပါ။ တုံးလုံးခန်းတွေ အသုံးအနှုန်းကြမ်းတွေကြောင့် R rated ဟာသကားဖြစ်ကြောင်း သတိပေးချင်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မက်ဒီဆိုတဲ့ အူဘာတက္ကစီမောင်းတဲ့ အစ်မကြီးဟာ အိမ်အခွန်မဆောင်နိုင်လို့ ကားသိမ်းခံလိုက်ရပါတယ်။ မကြာခင် အိမ်လည်းအသိမ်းခံရနိုင်ပါတယ်။ ဒီအိမ်လေးကို သူ့အမေက အမွေပေးခဲ့တာကြောင့် မဆုံးရှုံးချင်တဲ့ မက်ဒီဟာ ကားတစ်စီးရဖို့ အသည်းအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာပါ အင်တာနက်ပေါ်မှာ သူဌေးလင်မယားတစ်တွဲ ကြော်ငြာထားတာတစ်ခုကိုတွေ့လိုက်ပါတော့တယ်။ အဲဒါကတော့ အိမ်တွင်းပုန်း သူတို့ရဲ့ ၁၉ နှစ်သားလေးကို လည်လည်ဝယ်ဝယ်ဖြစ်အောင် တွဲပေးနိုင်တဲ့ မိန်းကလေးရှိရင် ကားတစ်စီး ပေးမယ်ဆိုတာပါပဲ။ အဲဒီသတင်းကြားတဲ့အခါ မက်ဒီဟာ သူနဲ့ ၁၅ နှစ်လောက်ကွာတဲ့ ကျောင်းသားလေးကို ဒီအကြောင်းတွေမသိစေဘဲ ရအောင်တွဲဖို့ ကြိုးစားရပါတော့တယ်။ အဲဒီမှာ ဘာတလွဲတွေဆက်ဖြစ်ကြမလဲဆိုတာ…..Credit Review