Pet Sematary: Bloodlines (2023) 4K & Bluray

 
4K UHD Movie - CODE - 4K707
Video Qualities: 2160p 4K UHD
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 17.6 GB 📁

 
Bluray Movie - CODE - BD598
Video Qualities: 1080p Bluray
Audio Qualities: DTS-HD Master 
Subtitle: Burmese - English
File Size: 8.71 GB 📁

Pet Sematary: Bloodlines (2023) ဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံးဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲ
သူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင်ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးကစကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာလူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလိုမကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက သူစည်းရုံးရမဲ့ ပစ်မှတ်တွေကို ရှာနေဆဲပါပဲ။ချစ်ရတဲ့လူတွေ တိရစ္ဆာန်တွေသေဆုံးသွားတဲ့အခါ သူတို့တွေကိုလက်မလွှတ်နိုင်သေးတဲ့လူတွေကို တီးတိုးခေါ်ပြီး သင်္ချိုင်းမြေမှာလာမြှပ်အောင် ပြန်ရှင်လာအောင် ဆွဲဆောင်နေပါတယ်။ပြန်ရှင်လာတဲ့ လူတွေ အကောင်တွေက မသေခင်ကအတိုင်းမဟုတ်တော့ပါဘူး။ရက်စက်တဲ့မကောင်းဆိုးဝါးတွေတဖြည်းဖြည်းဖြစ်လာတာပါ။အဲဒီအရာတွေနဲ့ မြို့ခံတွေနဲ့ 
ရင်ဆိုင်ကြရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။..Credit Review