4K UHD Movie - CODE - 4K847
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 17.7 GB 📁
Altered (2025) IMDb Rating (6.1) ဒီဇာတ်ကားလေးကတော့ ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အချစ်တော် Draco Malfoy မင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိထားတဲ့ Sci-fi Action အမျိုးအစား ရုပ်ရှင်လေးပဲဖြစ်ပါတယ်။
Tom Felton နဲ့ Elizaveta Bugulova တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ Timo Vuorensola ရိုက်ကူးထားပါတယ်။IMDb rating အနေနဲ့လည်း 6.1 လောက်ထိရရှိထားပါတယ်။
ကမ္ဘာကြီးဟာ နျူစစ်ပွဲကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူသားတွေအနေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။
ထိုလူသားတွေပြန်လည်တည်ဆောက်ထားတဲ့ကမ္ဘာကြီးမှာတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်လို့ရတဲ့ အဆင့်အတန်းမြင့် မျိုးရိုးဗီဇမြင့်(Genetics) တွေနဲ့ မပြုလုပ်နိုင်တဲ့ အပယ်ခံ ထူးခြားသူ(Specials) တွေဆိုပြီး ခွဲခြားထားပါတယ်။
လီယွန်နဲ့ ကလိုဝီတို့ကတော့ ထို ထူးခြားသူတွေထဲကဖြစ်ပြီးတော့ ထူးခြားသူတွေရဲ့ နယ်မြေမှာ နေထိုင်ပြီး စက်ပစ္စည်းများပြုပြင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေပါ။
တစ်နေ့မှာတော့ သူတို့ကို မျိုးရိုးဗီဇမြင့်တွေနေထိုင်တဲ့ မျိုးရိုးဗီဇမြင့်နယ်မြေထဲကို ခက်ခဲစွာဝင်ရောက်ပြီး အဆင့်မြင့်ဝတ်စုံတစ်ခုကို ပြင်ပေးဖို့အတွက် ကမ်းလှမ်းခံရပါတော့တယ်။
ထိုကမ်းလှမ်းချက်ကို လီယွန်တစ်ယောက်လက်ခံလိုက်ကာ နယ်မြေထဲကို ဝင်ရောက်ပြီး ပြင်ပေးရင်းနဲ့ သူတို့မထင်မှတ်ထားတာတွေနဲ့ ကြုံတွေ့ရတဲ့အခါ….ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုသွားရမယ့်
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..Credit Review
.jpg)