Bluray Movie - CODE - BD606
Video Qualities: 1080p Bluray
Audio Qualities: DTS-HD Master
Subtitle: Burmese - English
File Size: 8.84 GB 📁
The Promised Land (2023) ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။
IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို့ ကြည့်သင့်တဲ့
ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီးဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာလူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှမအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုုးလို့မရတဲ့အပြင်ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလို့ပါ။အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲ့ကသူအောင်မြင်မယ်လို့ မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီးခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ နဂိုကမှ ခက်ခဲနေတဲ့အလုပ်ဟာမဖြစ်နိုင်စရာဖြစ်လာပါတယ်။ ဒါတွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊အောင်မြင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်ကြည့်ရမှာပါ။..Credit Review
-picsay%20(78)-picsay%20(42).png)