Dracula 2025 - 4K & Bluray

 
4K UHD Movie - CODE - 4K851
Video Qualities: 2160p HDR
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 18.4 GB 📁

Dracula: A Love Tale (2025) IMDb Rating (6.2) / Rotten Tomatoes (72%) ဒါကတော့ မရိုးနိုင်တဲ့ ဒရက်ကူလာ ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ သဘာဝလွန် ဟော်ရာအမျိုးအစားဖြစ်ပါတယ်။ ကိုက်တာဖြတ်တာတွေ ကြမ်းပါတယ်။ မိသားစုနဲ့ကြည့်လို့မပြေတာတွေ ပါပါတယ်။ ဒါရိုက်တာကတော့ Lucy တို့ Leon တို့ ရိုက်ခဲ့တဲ့ Luc Besson ပါပဲ။ ဒရက်ကူလာနေရာကနေ မင်းသား Caleb Landry Jones ပါဝင်ထားပြီး ဘုန်းတော်ကြီးနေရာမှာ မင်းသားကြီး Christoph Waltz ပါဝင်ထားပါတယ်။ Inglourious Basterds ထဲက ဗီလိန်ကြီးကို သိကြမှာပါ။ 
ဇာတ်လမ်းအကျဉ်း - ဘုရားသခင်ကို အရမ်းယုံကြည်တဲ့ ဝေါ်လာခီယာမင်းသား၊ နယ်စားကြီး ဒရက်ကူလာဟာ ခရူးဆိတ်စစ်ပွဲမှာ ဆင်နွှဲဖို့ ထွက်သွားခဲ့ပါတယ်။ မသွားခင်မှာ ဘုရားဆီကနေ တစ်ခုပဲ တောင်းဆိုခဲ့ပါတယ်။ သူ့ချစ်ရတဲ့ ဇနီး အယ်လီစဘတ်တာကို စောင့်ရှောက်ပေးဖို့ပါပဲ။
ဒါ သူ့အပြန်လမ်းမှာ အယ်လီစဘတ်တာ သေဆုံးသွားတာကို သိရတဲ့အခါ ဘုရားကို ကျိန်ဆဲပြီး စွန့်ခွာလိုက်ပါတော့တယ်။ အဲဒီအတွက် သူဟာ မသေမျိုးအဖြစ် ကျိန်စာသင့်လာပြီး လူသွေးကိုသောက်သုံးပြီး နေထိုင်ရတဲ့ ဗမ်ပိုင်းယားဖြစ်လာပါတော့တယ်။
မသေမျိုးဘဝနဲ့ နှစ်ပေါင်း ၄၀၀ တိုင်တိုင် အယ်လီစဘတ်တာပြန်ဝင်စားမဲ့သူကို ရှာဖွေနေရင်းနဲ့ နောက်ဆုံးမှာ တွေ့သွားတဲ့အခါ သူ့ဇနီးကိုပြန်ရဖို့ ကြိုးစားပါတော့တယ်။ ဗာတီကန်ကနေ လာတဲ့ ဘုန်းတော်ကြီးကလည်း ဒရက်ကူလာကို 
တားဆီးဖို့  ကြိုးစားရပါတော့တယ်..Credit Review