Death Whisperer (2024) Bluray

 
Bluray Movie - CODE - BD633
Video Qualities: 1080p Bluray
Audio Qualities: DTS-HD Master 
Subtitle: Burmese - English
File Size: 16.0 GB 📁

Death Whisperer (2024) ဖြစ်ရပ်မှန်လိုလို ဘာလိုလိုပြောနေကြပေမဲ့ သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းရာကနေ websiteမှာ ပို့စ်အနေနဲ့တက်လာပြီး
လူသိများလာတဲ့ဒီဇာတ်လမ်းလေးက ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။ B.O စံချိန်တွေဘာတွေချိုးတဲ့အထိ အထာကျတဲ့ရုပ်ရှင်ကလည်းဖြစ်
Sequel လည်းလာဖို့ရှိတော့ Thai horror fanမှန်ရင်တော့ လက်မလွှတ်တမ်းကြည့်သင့်ပါကြောင်း ပြောရင်းနဲ့ပဲ ဇာတ်လမ်းကိုဆက်လိုက်ရအောင်ပါ။ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။
ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။
ဒီရွာလေးမှာ သမီး ၃ ယောက် သား ၃ ယောက်ရှိတဲ့ လယ်သမား ထိုင်းတရုတ်ကပြားမိသားစုတစ်စု နေထိုင်ကြပါတယ်။
ဒီလိုနဲ့ ညီအစ်မ ၃ ယောက် ကျောင်းအပြန်နောက်ကျလို့ အိမ်ပြန်ရင်း
ကျောချမ်းဖွယ်သစ်ပင်ကြီးအောက်က ထူးဆန်းတဲ့မိန်းမကြီးကိုမြင်ရာကနေ ကြမ္မာဆိုးဝင်ဖို့ဖြစ်လာပါတယ်။
အဲဒီတုန်းကတော့ ညီအစ်မ ၃ ‌ယောက်သား ခပ်သုတ်သုတ် အိမ်ပြန်ပြေးလာပေမဲ့
ဒုတိယအကြိမ် ဒီမိန်းမကြီးကို ပွဲဈေးမှာ ထပ်တွေ့အပြီးမှာတော့
အမြဲချူချာတတ်တဲ့ယမ်က တရှောင်ရှောင်ဖြစ်လာပြီး
ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလိုလို သရဲပူးသလိုလိုတွေ ဖြစ်လာတဲ့အခါ…သိပ်ကိုစည်းကမ်းကြီးလွန်းတဲ့အဖေရဲ့ ချုပ်ချယ်မှုအောက်မှာ လွတ်လပ်မှုကိုလိုချင်လို့
စစ်ထဲဝင်သွားတဲ့အစ်ကိုအကြီးဆုံးယာ့ခ်တစ်ယောက် တကယ်တမ်းမိသားစုက အကူအညီလိုအပ်လာချိန်မှာ
ဘယ်လိုဦးစီးဦးဆောင်လုပ်ပြီး ပြဿနာကို ဖြေရှင်းမလဲဆိုတာ ရှုစားကြပါဦး။Evil Dead Rise/ Evil Deadလို ခံစားချက်မျိုးရစေပြီးတော့ Old But Gold Shutterနဲ့ The Mediumတို့လို ကြည့်ရတန်စေမယ့်ကားပါဆိုပြီး
သူ့ထက်ငါအပြိုင်ညွှန်းနေကြတာမလို့ တကယ်ပဲ worth watching ဖြစ်မဖြစ် ကိုယ်တိုင်ကြည့်ရှု အကဲဖြတ်လိုက်ရအောင်ပါ။..Credit Review