Transformers One 2024 - 4K

 
4K UHD Movie - CODE - 4K773
Video Qualities: 2160p 
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 16.6 GB 📁 

Transformers One (2024) ထရန်စဖော်မာတွေရဲ့ စစ်ပွဲအစ အော့တိမပ်ပရိုင်း နဲ့ မက်ဂါထရွန်တို့ရဲ့
ရန်ငြိုးအစကို ပြသထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။Rating 7.8 အထိ ရရှိထားပါပြီ။ အသံသရုပ်ဆောင်တွေကလည်းအော်ရိုင်ရန်ပက်အဖြစ် သောရ်မင်းသား Chris Hemsworth၊
အလီတာအဖြစ် မမ စကားလက်ဂျိုဟန်ဆန် တို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း***************ဆိုက်ဘာထရွန်ဂြိုလ်ဟာ ကွင်တက်ဆင်တွေနဲ့ စစ်ဖြစ်ရင်း ပရိုင်းတွေအားလုံး ကျဆုံးသွားပြီး ဆန်တီနယ်ပရိုင်းတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ကွင်တက်ဆင်တွေကို အနိုင်ယူခဲ့ပြီး အိုင်ရာကွန်မြို့ကို ဆန်တီနယ်ပရိုင်းကအုပ်ချုပ်နေတဲ့အချိန်ပါပဲ။ စစ်ပွဲကြောင့် ဆိုက်ဘာထရွန်တစ်ခုလုံးရဲ့စွမ်းအင်ရင်းမြစ် မေးထရစ် ပျောက်ဆုံးသွားတာကြောင့် အင်နာဂျွန်စွမ်းအင်တွေကိုရဖို့ တူးဖော်ရေးသမားစက်ရုပ်တွေကိုပဲ ခိုင်းစေနေရပါတယ်။ တူးဖော်ရေးသမားတွေဟာ အနိမ့်စား စက်ရုပ်တွေဖြစ်ပြီးပုံပြောင်းနိုင်စွမ်းရှိတဲ့ စက်လုံးတွေ ရင်ဘတ်မှာ မရှိကြပါဘူး။အော်ရိုင်ရန် နဲ့ ဒီ-၁၆ တို့ဟာ တူးဖော်ရေးသမား အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ အော်ရိုင်ရန်ဟာ စက်လုံးမရှိ အစွမ်းမရှိတဲ့စက်ရုပ်ဖြစ်ပေမဲ့ အမြဲတမ်း ကြီးကျယ်တာတွေကို လုပ်ချင်နေတဲ့သူဖြစ်ပြီး မေးထရစ်ကို ရှာပေးပြီး ဆိုက်ဘာထရွန်ဂြိုလ်ကြီးကိုကယ်တင်ချင်တဲ့သူ အမြဲဖြစ်ချင်ခဲ့တာပါ။တစ်နေ့မှာတော့ မေးထရစ်ကို ရှာပြီး ဆန်တီနယ်ပရိုင်းကို ပေးဖို့ကြိုးစားရင်း မထင်ထားတဲ့ အဖြစ်အပျက်တွေနဲ့ 
စွန့်စားခန်းတွေရင်ဆိုင်ရပါတော့တယ်..Credit Review