Gladiator II 2024 - 4K & Bluray

 
4K UHD Movie - CODE - 4K780
Video Qualities: 2160p 
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 22.6 GB 📁 

 
Bluray Movie - CODE - BD724
Video Qualities: 1080p Bluray
Audio Qualities: DTS - 5.1
Subtitle: Burmese - English
File Size: 11.8 GB 📁

Gladiator II (2024) IMDb Rating (6.9) ဒါရိုက်တာ ရစ်ဒလီစကော့ရဲ့ ဂလက်ဒီအိတ်တာဒုတိယမြောက်ဇာတ်ကားလာပါပြီ။
ရောမခေတ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခါလက်ဆီယံတိုက်ကွင်းကြီးထဲက ဂလက်ဒီအိတ်တာတွေအကြောင်းကို အခြေခံထားပြီး
ရောမနိုင်ငံရေး သမိုင်းနဲ့ ရောမွှေထားတဲ့ ရုပ်ရှင်ကြီးပါ။
မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဇာတ်ကောင်း မက်စီးမပ် ဒက်စီးမပ် အော်ရဲလိယက်ကတော့ ပထမရုပ်ရှင်မှာ သေဆုံးသွားပြီးပါပြီ။
177-192 အေဒီဝန်းကျင်မှာ ပထမရုပ်ရှင်ဇာတ်အိမ်တည်ခဲ့သလို အခုရုပ်ရှင်ကတော့ ၁၆ နှစ်အကြာ 211 AD အဆုံးနားမှာ တည်ဆောက်ထားတာပါ။
သရုပ်ဆောင်တွေကတော့ ပေါမက်စကယ်၊ ပီဒရို ပက်စကယ်၊ ဒန်ဇယ်ဝါရှင်တန်တို့လို ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားတာပါ။
တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်းရော သရုပ်ဆောင်ရောအားလုံးကောင်းတာမို့ ကြိုက်ကြမှာ သေချာပါတယ်။
ဒီရုပ်ရှင်မှာသုံးတဲ့ ဆက်တင်တွေကလည်း Kingdom of Heaven (2005) ရိုက်တုန်းက ဆက်တင်ဆောက်ထားတာကို သူ ပြန်ဖျက်ရင် ဈေးကြီးလို့
မော်ရိုကိုအစိုးရကို ၁၀ ဒေါ်လာနဲ့ရောင်းစားခဲ့တဲ့ ဆက်တင်ပါပဲ။ အဲဒီနေရာကိုပဲ အစိုးရဆီက ပြန်ငှားသုံးလိုက်တာပါ။ဇာတ်လမ်းအကျဉ်းဧကရာဇ် ကွန်မိုးဒပ် ကျဆုံးအပြီး အင်ပါယာ ဂေတာ နဲ့ ကာရာကယ်လာလက်ထက်မှာ မိဖုရား လူစဲလာဟာ ဗိုလ်ချုပ် အာကေးစီးရပ်နဲ့အတူ လက်ထပ်ထားပြီး
ရောမတိုင်းပြည်တစ်ခုလုံးက ဗိုလ်ချုပ် အာကေးစီးရပ်နဲ့ လူစဲလာကိုချစ်ခင်ကြပါတယ်။
ဒါပေမဲ့ အာဏာရှင်စနစ် ဧကရာဇ်စနစ်တွေရဲ့ ဆိုးမွေတွေကြောင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျပြီး ပုန်ကန်ကြလုဆဲဆဲအခြေအနေမှာ ရှိနေတာပါ။
အာကေးစီးရပ်ကလည်း ဧကရာဇ်နှစ်ပါးကိုဖြုတ်ချဖို့ပါ ကြံစည်နေပါပြီ။
အဲဒီအချိန်မှာပဲ စစ်သုံ့ပန်းတွေထဲက ဟန်နိုဆိုတဲ့ စစ်သည်တော်ဟာ ပြိုင်ကွင်းထဲမှာ အောင်ပွဲတွေ ဆက်တိုက်ရလာသလို
ရောမ နန်းဆက်နဲ့ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေတာ သိလိုက်ရပါတယ်။
ဟန်နိုကလည်း သူ့ဇနီးအတွက် အာကေးစီးရပ်နဲ့ ဧကရာဇ်တွေကို လက်စားချေဖို့ ကြိုးစားနေချိန်မှာ
ကလဲ့စား၊ နိုင်ငံရေး နဲ့ လွတ်လပ်တဲ့ရောမနိုင်ငံကို ယုံကြည်သူတွေကြားမှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီး 
ဘာတွေဆက်ဖြစ်မလဲဆိုတာ…..Credit Review