4K UHD Movie - CODE - 4K121D
Video Qualities: 2160p
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 14.0 GB 📁
Bluray Movie - CODE - BD747
Video Qualities: 1080p Bluray
Audio Qualities: DTS - 5.1
Subtitle: Burmese - English
File Size: 8.94 GB 📁
Survive (2025) Apocalypse ကမ္ဘာပျက်ကားတွေကို ကြိုက်နှစ်သက်သူများအတွက် အသစ်ထွက်ရှိထားတဲ့ Survive ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ဒါမျိုးကားတွေမတွေ့ရတာကြာပြီဖြစ်တဲ့အတွက် စောင့်မျှော်
နေသူတွေအတွက်လည်း အကြိုက်တွေ့စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဘက်ဂျက်ကြီးကြီးမားမားနဲ့ အကြမ်းစားကြီးရိုက်ကူးထားတာမျိုးမဟုတ်ပေမဲ့ သူ့အနေအထားနဲ့သူတော့အဆင်ပြေပြီး အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ကမ္ဘာ့ကပ်ဘေးကိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း
*************ဂျူလီယာနဲ့တွမ်တို့က သားသမီးတွေဖြစ်တဲ့ ကက်စီနဲ့ဘန်တို့နဲ့အတူတူ အပျော်စီးရွက်လှေတစ်စီးနဲ့ခရီးထွက်လာခဲ့ကြပါတယ်။အစပိုင်းမှာထူးဆန်းတဲ့အရာတစ်ခုကြောင့် အမေဖြစ်သူရေနစ်တော့မလိုဖြစ်ခဲ့ပေမဲ့ ဘန့်မွေးနေ့တွေဘာတွေလုပ်ပေးပြီးပျော်ပျော်ရွှင်ရွှင်နေဖြစ်ခဲ့ကြပါသေးတယ်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းကင်မှာထူးဆန်းတဲ့တိမ်တိုက်ကြီးတွေပေါ်ထွက်လာပြီး ရေပြင်ကလည်း၀ုန်းဒိုင်းကြဲလာပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ထဲမှာလှိုင်းလူးပြီး ခက်ခဲတဲ့ညတစ်ညကိုရင်ဆိုင်ခဲ့ရပြီး မနက်ရောက်တဲ့အခါမှာတော့ သူတို့လှေကသဲကန္တာရလိုခြောက်ကပ်နေတဲ့ မြေပြင်ပေါ်ကိုရောက်နေမှန်းတွေ့လိုက်ရပါတော့တယ်။နောက်မှရေဒီယိုက ရေငုပ်သမားတစ်ယောက်နဲ့အဆက်အသွယ်ရပြီး ပင်လယ်က ကုန်းပေါ်ကိုရောက်သွားပြီး ပင်လယ်ထဲမှာဘာရေမှမရှိတော့တာဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာလှေနဲ့ ခရီးထွက်နေတဲ့သူတို့မိသားစုအတွက်ကံကောင်းသွားတယ်ဆိုပေမဲ့ ပျောက်သွားတဲ့ပင်လယ်ရေတွေကတစ်ပတ်အတွင်း၀ုန်းဒိုင်းကြဲပြီးပြန်ရောက်လာမှာဖြစ်တဲ့အတွက်ရေငုပ်သမားရှိတဲ့ ရေငုပ်သင်္ဘောဆီကို မိသားစုခရီးနှင်ကြရင်းဘယ်လိုအခက်အခဲတွေရင်ဆိုင်သွားရဦးမလဲဆိုတာကို
ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်..Credit Review