4K UHD Movie - CODE - 4KS23
Video Qualities: 2160p SDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 15.0 GB 📁
The Siege of Jadotville (2016) IMDb – 7.2 “ကျုပ်အထင်ကတော့ ကျုပ်တို့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့လာခဲ့တဲ့ တပတ်မပြည့်ခင်ဘဲ ကျုပ်တို့တစ်တပ်လုံးသေတော့မယ်ထင်တာဘဲဗျို့”
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပြီ။ ရာစုနှစ်တစ်ခုရဲ့ တစ်ဝက်မကျိုးခင်မှာဘဲ လူသန်းပေါင်းများစွာဟာ ကမ္ဘာစစ်နှစ်ခုနဲ့အတူ ချုပ်ငြိမ်းသွားခဲ့ကြပါပြီ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးပြီး ၅၂ ရက်တိတိ အကြာမှာ အနာဂတ်မှာ ကမ္ဘာစစ်တွေကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းအကြီးကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးမှုနဲ့အတူ စစ်တွင်းကတည်းက ဒါမှမဟုတ် စစ်ကြီးမတိုင်ခင်ကတည်းက ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ တိုင်းပြည်တွေဟာလည်း ကိုလိုနီနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးစားနေကြပါတယ်။
စစ်ကြီးပြီးဆုံးပြီး ၁၅ နှစ်နည်းပါးကြာမြင့်လာသည့်တိုင် ကမ္ဘာကြီးရဲ့ တချို့နေရာတွေဟာ စစ်တွင်းမှာဘဲ ဆုံးဆုံးနှစ်လို့ ကောင်းနေပါသေးတယ်။ အမေရိကတိုက်မှာဆိုရင် ကျူးဘားတော်လှန်ရေးကြီးဟာ ၁၉၆၀ အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းလာခဲ့ပြီး မတည်ငြိမ်မှုတွေဟာ ဒေသတွင်းမှာ ပိုတိုးလာခဲ့တယ်။ တဖက်တဖက်နဲ့ ပိတ်ဆို့မှုတွေ တိုက်ပွဲတွေနဲ့အတူ အကျည်းတန်စရာတွေ ပိုဖြစ်လို့ ဖြစ်နေဆဲပါဘဲ။ ဥရောပဘက်မှာဆိုလည်း ဆိုဗီယက်နဲ့ အမေရိကန်တို့ကြား ဘာလင်သဘောတူညီချက် ဖောက်ဖျက်မှုတွေကြောင့် စစ်အေးကာလဟာ မတည်မငြိမ်ဖြစ်မှုတွေနဲ့အတူ ၁၉၆၁ ထဲမှာ ဘာလင်တံတိုင်းကြီးဖြစ်ဖို့အရေး ဦးတည်လာခဲ့ပြန်တယ်။ အာရှတိုက်ကိုကြည့်ပြန်တော့လည်း ၁၉၅၅ ကတည်းကစခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကြီးဟာ ၁၉၆၀ တွင်းလည်းရောက်ရော တဖက်နဲ့တဖက် အသေအပျောက်ဟာ များသထက်များလာပြီး ပိုဆိုးတဲ့ဖက်ကိုဘဲ ဦးတည်လာတာတွေ့ရတယ်။ ဒီလိုဖြစ်ရပ်တွေကိုတားမြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးဟာ ဒီဖြစ်ရပ်တွေမှာ ဘာမှလုပ်ခွင့်မရ ပြောခွင့်မရ တားစီးခွင့်မရခဲ့တာကြောင့် ကုလသမဂ္ဂဆိုတဲ့ ဂုဏ်ပုဒ်ဟာလည်း တဖြေးဖြေး မှေးမှိန်လာပါတော့တယ်။
ဒီအချိန်မှာ အာဖရိက အလယ်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကွန်ဂိုနိုင်ငံဟာ သူတို့ရဲ့ နယ်ချဲ့ဖြစ်တဲ့ ဘယ်လ်ဂျီယမ်ကို အောင်အောင်မြင်မြင်နဲ့တိုက်ထုတ်လိုက်နိုင်ခဲ့တယ်။ ဘာမှပြင်ဆင်မှုမရှိခဲ့တဲ့ ကွန်ဂိုအစိုးရကို ကူညီဖို့ရာ ကုလသမဂ္ဂဟာ ကွန်ဂိုနိုင်ငံ အယ်လိဇဘသ်ဗိလ် လို့ခေါ်တဲ့ဒေသမှာ ရုံးချုပ်ဆောက်ပြီး အဖက်ဖက်က ကူညီခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဂိုဟာ သဘာဝတွင်းထွက်ပစ္စည်းတွေ ကြွယ်ဝလွန်းတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်။ ဥပမာပြောရရင်တော့ အမေရိကန်နိုင်ငံဖက်ကနေ ဂျပန်နိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ ဟီရိုးရှီးမားနဲ့ နာဂါဆာကီမြို့ပေါ်ဖြစ်ချခဲ့တဲ့ Atomic Bomb တွေဟာ ကွန်ဂိုနိုင်ငံထွက် ပစ္စည်းတွေနဲ့ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း ကွန်ဂိုရဲ့ သယံဇာတတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ မျက်စပစ်ခြင်းကို ခံရပါတယ်။ အထူးသဖြင့် ကတန်ဂါဆိုတဲ့မြို့ဟာ ကွန်ဂိုရဲ့ သယံဇာတတွင်းကြီးတွေ စုနေတဲ့မြို့လို့တောင်ဆိုကြပါတယ်။လွတ်လပ်ရေးအသစ်စက်စက်ရထားတဲ့ ဒီအာဖရိကတိုက်ထဲက နိုင်ငံလေးဟာ မတည်မငြိမ်ဖြစ်မှုတွေနဲ့အတူ ပြင်သစ်လို နိုင်ငံကြီးတွေရဲ့ သယံဇာတရယူရေးစီမံကိန်းတွေမှာ အနှောင့်အယှက်ဖြစ်မယ်လို့ထင်ရတဲ့ အစိုးရအာဏာရှိတွေဟာ သတ်ဖြတ်ခြင်း ပြန်ပေးဆွဲခြင်း ခြိမ်းခြောက်ခြင်းတွေခံရပါတယ်။ ကတန်ဂါမြို့ရဲ့ဝန်ကြီးလည်း သတ်ဖြတ်တာခံလိုက်ရပါတော့တယ်။ ဒီနောက်မှတော့ အနောက်နိုင်ငံကြီးတွေရဲ့ ကျောထောက်နောက်ခံရထားတဲ့ အာဏာရူး
Tshombe (တီရှောမ်ဘေ)ဟာ ကတန်ဂါအတွက် တာဝန်ရှိသူဖြစ်လာပြီး သူဟာ
ကတန်ဂါမြို့ကို ကွန်ဂိုကနေ ကွဲထွက်ဖို့ကို အထူးကြိုးစားလာပါတော့တယ်။
တချိန်တည်းမှာဘဲ ကတန်ဂါမြို့ရဲ့ သယံဇာတ တူးယူတဲ့လုပ်ငန်းတွေဟာလည်း တွင်တွင်ကျယ်ကျယ်ဖြစ်လာပြီး တချိန်တည်းမှာဘဲ ဒါတွေကို လုံခြုံရေးအတွက် ပြင်သစ် ကြေးစားစစ်သား ၁၀၀၀ ကျော်ဟာလည်း ကတန်ဂါမြို့အနှံ့ ကိုယ်စီနေရာယူထားပါတော့တယ်။
ဒီလိုပြသာနာတွေအပြင် ကတန်ဂါခွဲထွက်ရေးအတွက်ကြောင့်ပါ လောလောလတ်လတ် လွတ်လပ်ရေးရထားတဲ့ ကွန်ဂိုနိုင်ငံဟာ ပြည်တွင်းစစ်ကြီးဖြစ်ဖို့ ဦးတည်လာပါတယ်။ ကျူးဘား ဗီယက်နမ်နဲ့ဘာလင်တို့မှာ မျက်နှာမရခဲ့တဲ့ ကုလသမဂ္ဂဟာ ဒီကွန်ဂိုအရေးကိုတော့ အထူးအလေးပေးကိုင်တွယ်လာခဲ့ပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်တပ်ကိုပါ စေလွှတ်ဖို့အထိ ပြင်ဆင်လိုက်ပါတယ်။
ဒီလောက်သိထားရင်တော့ ဇာတ်ကားစကြည့်လို့ရပါပြီ။ ဒီဇာတ်ကားဟာ ဒီကနေစပါတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ကို စေလွှတ်မယ်ဆို ဘယ်နိုင်ငံရဲ့တပ်ကိုစေလွှတ်မလဲလို့ စဉ်းစားရာမှာ အခုထိ ကိုယ်တိုင်လည်းနယ်ချဲ့လက်အောက်မကျဖူးတဲ့အပြင် ဘယ်သူကိုမှလည်း နယ်မချဲ့ဖူးတဲ့ အိုင်ယာလန်နိုင်ငံကိုရေ
ကွင်လန်ကိုယ်တိုင်လည်း တိုက်ပွဲနဲ့ပက်သက်လာရင် တကယ့် အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ဖြစ်ပြီး နည်းစနစ်ပိုင်းတွေမှာသာ ကျေလည်နေခဲ့သူတစ်ယောက်ဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကဖြစ်ခဲ့တဲ့ စစ်ပွဲတွေနဲ့ပက်သက်တဲ့ နည်းစနစ်တွေကအစ
သိတဲ့လူလို့ လူသိများပါတယ်။
ဒီလိုနဲ့ အတွေ့အကြုံမဲ့စစ်သား ၁၅၇ ယောက်တိတိနဲ့ဖွဲ့ထားတဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ကြီးဟာ ဂျာဒေါ့ဗိလ်ဒေသကို ရောက်ပါပြီ။ ဂျာဒေါ့ဗိလ်ဟာ တကယ့် ကုလသမဂ္ဂရုံးစိုက်ရာ အဲလိစဗသ်ဗိလ်နဲ့လည်း မိုင်ပေါင်းများစွာဝေးတဲ့အရပ်လည်းဖြစ်တယ်။ နောက်တစ်ခုက ကြေးစားစစ်သားတွေ ပေါများလွန်းတဲ့ဒေသတစ်ခုလည်းဖြစ်ပြန်တယ်။
ဇာတ်ကားရဲ့ဇာတ်လမ်းဟာ ဒီ ငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်တပ် အိုင်ယာလန်းကနေ စတင်ထွက်ခွာခဲ့တာကနေ ရိုက်ကူးထားပြီး သူတို့တွေ ဂျာဒေါ့ဗိလ်မှာကြုံတွေ့ခဲ့တဲ့စစ်ပွဲတွေ အကြောင်းရေးသားထားတာဖြစ်ပါတယ်။
ဂျာဒေါ့ဗိလ်မှာ ကွန်လန်ဦးဆောင်တဲ့စစ်တပ်ဟာ ဧရာမကွင်းပြင်ကြီးရဲ့ အလယ်တည့်တည့်မှာ ဘေးတံတိုင်းမရှိ အကာအကွယ်မရှိတဲ့အရပ်မှာ နေရာရခဲ့ပြီ ဒါဟာ သူတို့ရဲ့ ကံကြမ္မာဆိုးစတင်ရလည်းဖြစ်တယ်။
ရောက်ပြီး ရက်အနည်းငယ်မှာဘဲ ၁၅၇ ယောက်ဘဲပါတဲ့ စစ်တပ်ကို ကြေးစားစစ်သားတွေရယ် အာဏာရူး တီရှောမ်ဘေရဲ့စစ်သားတွေအပါအဝင် စစ်သားပေါင်း ၃၀၀၀ ကျော်ဟာ ဝိုင်းဝန်းပိတ်စို့လိုက်ကြပြီး ထွက်ပေါက်ပိတ်လိုက်ကြပါတယ်။ ဒါတင်မကသေး လေကြောင်းကနေပါ လက်နက်ရုံ ရိက္ခာရုံအစရှိတဲ့ အဆောက်အအုံတွေပါ ဖျက်စီးပစ်လိုက်ပါတယ်။
ပိတ်စို့မှုဟာ ၅ရက်တိတိကြာမြင့်ခဲ့ပြီး ဒီအတွေ့အကြုံမရှိတဲ့ စစ်သား ၁၅၇ ယောက်ဟာ ကြေးစားစစ်သားပေါင်း ၃၀၀၀ ကျော်နဲ့ ၅ရက်တာ ကာလအတွင်း စစ်ပွဲပေါင်း ၄ပွဲထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ဒီအထိကတော့ သာမန်စစ်ပွဲတစ်ခုပါဘဲ။ ဘာများပိုထူးခြားသွားလဲဆိုရင်တော့ ဒီစစ်ပွဲ ၄ပွဲအတွင်းမှာ လေကြောင်းစစ်ကူအပြင် စစ်အင်အား ၃၀၀၀ ကျော်ပါတဲ့စစ်တပ်ဟာ လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး အတွေ့အကြုံမရှိတဲ့ စစ်သား ၁၅၇ ယောက်ဟာတော့ တစ်ယောက်မှ သေဆုံးခဲ့ခြင်းမရှိတာပါဘဲ။ ဗိုလ်မှူးကွင်လန်ဟာ ရှိတဲ့လူနဲ့ ရှိတဲ့လက်နက်နဲ့အတူ အကောင်းဆုံးခုခံသွားနိုင်ခဲ့ပြီး သူ့စစ်တပ်မှာ တစ်ယောက်မှ အကျအဆုံးမရှိအောင် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။
နောက်ဆုံး ၅ရက်ပြည့်နေ့မှာ ကျည်ဆံမကျန် ရိက္ခာမကျန်တဲ့အခါမှာတော့ ကွင်လန်ဟာ လူအင်အား မမျှလွန်းတဲ့ သူ့စစ်တပ်အတွက် လက်နက်ချခဲ့ပြီး ကွန်ဂိုထောင်ထဲမှာ ၅ပတ်ကျော် နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံး ကုလသမဂ္ဂဟာ ကွန်ဂိုတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကွင်လန်နဲ့သူ့စစ်တပ်ကို အိုင်ယာလန်ကို ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။
အိုင်ယာလန်ရောက်ရောက်ခြင်းမှာဘဲ ကွင်လန်တို့တပ်ဖွဲ့ ရင်ဝကို စောင့်ကန်ခံလိုက်ရပါတော့တယ်။ သူတို့တစ်တွေ လက်နက်ချခဲ့တာဟာ ကုလသမဂ္ဂကို အများအမြင်မှာ ပျော့ညံ့စေခဲ့တာမို့ သူတို့ရဲ့ ဂျာဒေါ့ဗိလ်တိုက်ပွဲတွေဟာ သမိုင်းစာအုပ်တွေကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဆုတံဆိပ် အသိမှတ်ပြုမှု မဆိုထားဘဲ သူတို့အတွေ့အကြုံတွေကိုတောင် ထုတ်ဖော်ပြောခွင့်မရခဲ့ပါဘူး။ ၅ရက်တိုင်တိုင် မိမိထက် အဆ ၂၀ ပိုကြီးတဲ့ ကြေးစားစစ်တပ်ကို အသေအပျောက်မရှိ ခုခံခဲ့တာတွေဟာ အသိမှတ်ပြုခြင်းမခံခဲ့ကြရပါဘူး။
ကွင်တန်ကိုယ်တိုင်လည်း ၁၉၉၇ ခုနှစ် သူသေဆုံးသွားသည့်တိုင် ဒီအဖြစ်အပျက်တွေကို ဘယ်တော့မှ ထုတ်မဖော်ခဲ့ပါဘူး။
နောက်ဆုံး ၂၀၀၅ ရောက်မှသာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြခဲ့ကြပြီး သူရဲကောင်းတွေအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် အချိန်နှောင်းခဲ့ပြီဆိုသလို အဆ ၂၀ နည်းပါးပိုများတဲ့ စစ်တပ်ကို ခုခံခဲ့တဲ့ အတွေ့အကြုံမဲ့ သူရဲကောင်းတချို့ဟာ လူ့လောကကနေ ထွက်ခွာသွားကြပါပြီ။
ဒီဇာတ်ကားဟာ အမေ့ခံတိုက်ပွဲပုံပြင်တွေထဲက တစ်ခုကို ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Netflix က ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပြီး ဗိုလ်မှူးကွင်တန်အဖြစ် 50 Shades ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားတဲ့ အိုင်ယာလန်နိုင်ငံသား မင်းသား Jamie Dornan က သရုပ်ဆောင်ထားပါတယ်။ Jamie ဟာ ဒီဇာတ်ရုပ်နဲ့ အထိုင်ကျမြန်ခဲ့ပြီး ဇာတ်ကားနှစ်မြောသွားအောင် အကောင်းဆုံး သရုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။ Jamie ကို 50 Shades နဲ့မတူတဲ့ ဇာတ်ရုပ်မှာ ခပ်ပျော့ပျော့မြင်ရမယ်ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့ မျက်နှာ Transformation တချို့ရယ် တကယ့်ဟန်ပါပါ စကားပြောဟန်တွေကြောင့် သူ့ဟာ ဒီဇာတ်ကားရဲ့ အဓိကနေရာကပါဝင်ပြီး အားဖြင့်နိုင်ခဲ့တယ်။ တခြား ဇာတ်ပို့တွေ ဗီလိန်တွေဟာလည်း သူ့နေရာနဲ့သူပြည့်စုံပါသေးတယ်။ စစ်ကားဖြစ်တာမို့ Set အပြင်အဆင်တွေ CGI တွေအပြင် Battle Scene တွေဟာလည်း အတော်အားကောင်းခဲ့တာ တွေ့ရပြန်တယ်။
နောက်ဆုံးပြောရရင်တော့ Drama ကင်းကင်းနဲ့ စစ်ကားကောင်းကောင်းကို နောက်ခံသမိုင်းပြည့်ပြည့်စုံစုံနဲ့ စစ်ကားကြည့်ချင်သူတွေ စစ်ကားကြိုက်သူတွေအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါဘဲ။
(ရာရာ)(ရုပ်ရှင်ဇာတ်ကားအညွှန်းကို The Silver Screen မှ ကူးယူဖော်ပြပါသည်…..Credit Review