The Shadow Strays 2025 - 4K

 
4K UHD Movie - CODE - 4KS57
Video Qualities: 2160p SDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 23.4 GB 📁

The Shadow Strays (2025) IMDb Rating 6.8 အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲ နာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက် ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့ အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီ အင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲ အရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ် သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲ ခေါ်ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီး ထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့ အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ် သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့် မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကို သူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါ တော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီး ပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ 
အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်..Credit Review