4K UHD Movie - CODE - 4K130D
Video Qualities: 2160p HDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 29.1 GB 📁
IMDb Rating (7.2) The Shadow's Edge 2025 ဆိုတဲ့ရုပ်ရှင်ကားကြီးဟာဆိုရင် ဂျက်ကီချန်းရဲ့ ရဲတပ်ဖွဲဇာတ်ကောင်အနေနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့
ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ 2004 ခုနှစ်ကထွက်ရှိထားတဲ့ New Police Story ကို အမီလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ ........
ခေတ်မီနည်းပညာနဲ့ AI စနစ်တွေကို ကျွမ်းကျင်စွာအသုံးချပြီး မကာအိုရဲတပ်ဖွဲ့ရဲ့ cctv ကင်မရာတွေကိုတောင်
လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးဂိုဏ်းတစ်ခုဟာ cryptocurrency တွေကို အကြီးအကျယ်ခိုးယူပြီး ခြေရာဖျောက်နေပါတယ်
ဒီသူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ဘယ်လိုမှခြေရာမခံနိုင်တဲ့အခါမှာတော့ အရင်က နည်းလမ်းဟောင်းတွေနဲ့ လူတွေကို
ခြေရာခံရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့တဲ့ အငြိမ်းစားရဲအရာရှိကြီး ဝေါင်တပ်ချွန်း (Jackie Chan) ကို
ပြန်လည်ခေါ်ယူပြီး အကူအညီတောင်းခံရပါတော့တယ်
ဝေါင်ဟာ ရဲအရာရှိပေါက်စလေးတွေကို သူ့ရဲ့ရိုးရာနည်းလမ်းတွေနဲ့ လေ့ကျင့်ပေးပြီး ဒီဂိုဏ်းကိုဖမ်းဖို့ ကြိုးစားပါတယ်
ဒီသူခိုးဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ ရာဇဝတ်ကောင်ကြီး
"The Shadow" (Tony Leung Ka-fai) ဖြစ်နေမှန်း သူတို့သိလိုက်ရပါတော့တယ်
ဒီဇာတ်ကားဟာ Jackie Chan ရဲ့ ခေတ်ဟောင်းနည်းပညာနဲ့ Tony Leung ရဲ့ ခေတ်သစ်နည်းပညာမြင့်
ရာဇဝတ်မှုတွေကြားက အားပြိုင်မှုကို အဓိကထားရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်
ဒါ့အပြင် ဒီဇာတ်ကားဟာ 2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ရုပ်ရှင် "Eye in the Sky" ကို
ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး မူရင်းဇာတ်ကားမှာလည်း Tony Leung Ka-fai က ဗီလိန်နေရာက ပါဝင်ခဲ့ပါတယ်
Jackie Chan ဟာ ဒီကားမှာ အသက် ၇၁ နှစ်အရွယ်နဲ့ အက်ရှင်စတန့်ခန်းတွေကို သူ့ကိုယ်တိုင်ပဲ
အားလုံးသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေအတွက်
တန်ဖိုးရှိတဲ့ဇာတ်ကားတစ်ကားဖြစ်လာမှာတော့သေချာပါတယ်..Credit Review
.jpg)