The Old Woman With The Knife 2026 - 4K

 
4K UHD Movie - CODE - 4K134D
Video Qualities: 2160p HDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 21.1 GB 📁

The Old Woman with the Knife (2026) IMDb... 6.8 ဒီတစ်ခါမှာတော့ Action, Thriller ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်တဲ့
ပရိသတ်ကြီးအတွက် ကားသစ်တစ်ကား ယူဆောင်လာခဲ့ပါပြီ။
ရုပ်ရှင်ကြိုက်ပရိသတ်ကြီးတွေနဲ့ မစိမ်းတဲ့ ဝါရင့် မင်းသမီးကြီး Lee Hye Young၊
မင်းသား Kim Mu Yeol၊  မင်းသား Kim Sung Chul တို့နဲ့ တက်သစ်စ မင်းသမီးလေး
Shin Si Ah တို့က အဓိက ပါဝင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့
လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့
အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။
အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကို
နောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ရှိနေပြန်ပါတယ်။
ဝါရင့် လူသတ်သမား အဘွားကြီးနဲ့ ‌လူသတ်သမား ပေါက်စလေးတို့ကြားမှာ ဘယ်လို အကြောင်းတရားတွေ ‌
ပေါ်ပေါက်လာမလဲဆိုတာနဲ့ ‌နောက်ယောင်ခံ လိုက်နေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကိုတော့
ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်..Credit Review