Phantom (2023) Bluray

 
Bluray Movie - CODE - BD514
Video Qualities: 1080p Bluray
Audio Qualities: DTS-HD Master 
Subtitle: Burmese - English
File Size: 7.02 GB 📁

Phantom (2023) ၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။
ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။
ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမက
ရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့
ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။ကိုယ်က ‌တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊
ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့
ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်‌အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။
သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ Sol Kyung-gu, Lee Honey, Park So-dam,
Park Hae-soo, Kim Dong-hee နဲ့ Seo Hyun-woo တို့က 
ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုရတန်စေမှာ အသေအချာပါပဲ..Credit Review