Bluray Movie - CODE - BR002
Video Qualities: 1080p REMUX
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 19.4 GB 📁
40 Acres (2025) IMDb Rating (6.6) / Rotten Tomatoes (89%) ကပ်ရောဂါဆိုးကြီးဖြစ်ပြီးနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ မြေဆီလွှာတွေပျက်စီး ရောဂါပိုးမွှားတွေကပ်ပြီး စိုက်ပျိုးသီးနှံတွေခေါင်းပါးလာပါတယ်။
အခုလို စားသောက်ကုန်ကြမ်းတွေလျော့ပါးလာတဲ့အလျောက် အစားအသောက်တွေလည်း ရှားပါးလာပြီး ကမ္ဘာကြီးဟာ ယိုယွင်းလာပြီး လူတွေဟာ သမိုင်းဦးဘုံမြေက လူရိုင်းတွေလိုမျိုး အသိစိတ်မရှိတော့တဲ့အထိဖြစ်လာပါတယ်။
ကြီးနိုင်ငယ်ညှင်းဆိုတဲ့အတိုင်း အားကြီးတဲ့ယောက်ျားသားတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တွေဟာ အားနည်းတဲ့ အမျိုးသမီးအများစုနဲ့ဖွဲ့စည်းထားတဲ့မိးသားစုတွေကို အမဲလိုက်ပြီး "သေရင်မြေကြီး ရှင်ရင်ရွှေထီး" လိုတောင်မဟုတ်တော့ဘဲ သေရင်တောင် အလောင်းမကျန်တဲ့အထိ သတ်ဖြတ်စားသောက်ခံကြရတာပါ။
ဒီလိုနဲ့ပဲ ပုံမှန်အသိစိတ်ရှိတဲ့လူတွေမှာ လူနည်းစုလောက်ပဲရှင်သန်ပြီး သူတို့အတွက် ကောက်ပဲသီးနှံအထွက်တိုးတဲ့ လယ်ယာစိုက်ခင်းတွေကပဲ သူတို့အသက်ဖြစ်လာကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ အမေရိကန်ပြည်တွင်းစုတုန်းက ကနေဒါကိုပြောင်းရွေ့လာတဲ့မျိုးဆက်ကနေဆင်းသက်လာတဲ့ လူမည်းကနေဒီယန်မိသားစုတစ်စုဟာ ရှင်ကျန်နေတဲ့ လူနည်းစုအဖွဲ့တွေကို လိုက်လံဖမ်းဆီးစားသောက်နေတဲ့ ဇာတ်တူသားစားလူဆိုးတွေကဆီကနေ တွန်းလှန်ကာကွယ်ပုံကို ဒရာမာဆန်ဆန်
အက်ရှင်အပြည့်နဲ့တွေ့ရမှာပဲဖြစ်ပါတယ်..Credit Review
-picsay%20(23).jpg)