Wicked 2025 - WEB

 
WEB Movie - CODE - WA365
Video Qualities : 1080p WEB
Audio Qualities : EAC3 - DOLBY 5.1 ATMOS
Subtitle : Burmese - English
File Size - 9.49 GB 📁

Wicked (2025) ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် ဂီတပြဇာတ်ကြီး Wicked ကိုရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါပဲ။စကာတင်ဆု ၁၅၀ နီးပါးနဲ့ ဆုပေါင်း ၃၆ ခု ရရှိထားပါတယ်။သေချာပေါက် အော်စကာမှာ ဆုတွေလုမဲ့ ရုပ်ရှင်ပါပဲ။ ဒါရိုက်တာJon M. Chu ရိုက်ကူးထားပြီး Cynthia Erivo, Ariana Grande နဲ့Michelle Yeoh တို့ ပါဝင်ထားပါတယ်။ဒီဂီတဇာတ်လမ်းကို တေးရေးဆရာ Stephen Schwartz က စာရေးဆရာGregory Maguire ရဲ့ The Life and Times of the Wicked Witch of the West စာအုပ်ကိုအခြေခံပြီးရေးသားခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ ပြဇာတ်စတင်ခဲ့ပြီး ၁၆ နိုင်ငံ မြို့ပေါင်း ၁၀၀ လောက်မှ ကပြခဲ့ရပါတယ်။လူပေါင်း ၆၅ သန်းခန့် ကြည့်ရှုအားပေးပြီးဖြစ်ပါတယ်။မူလ Classic ရုပ်ရှင်ဖြစ်တဲ့ ၁၉၃၉ The Wizard of Oz ကားထဲကDorathy Oz တိုင်းပြည်မရောက်ခင် Timeline ကိုအခြေခံထားတယ်..The Wizard of Oz ထဲက wicked of the west စုန်းမဖြစ်တဲ့ အယ်ဖာဘာရဲ့ မူလ အော်ရယ်ဂျင်နောက်ခံ ဇာတ်ကြောင်းနဲ့ ဗီလိန်တစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာကိုPrequel Film အနေနဲ့ မူလကားရဲ့ Refrence တွေကို ယူထားပေမယ့် Musical အနေနဲ့ ရိုက်ပြထားတာက ဒီကားကို နာမည်ကြီးစေတာလို့ပြောလို့ရတယ်အားလုံး လူဆိုးလို့ထင်နေကြတဲ့ အစိမ်းရောင်စုန်းမကြီးက လူကောင်းစင်စစ်ဖြစ်နေပါလားဆိုတာကို လက်ခံသွားအောင် ရိုက်ပြထားပြီးသုံးသွားတဲ့ အပြင်အဆင်တွေနဲ့ Cast တွေကလည်း အပိုအလိုမရှိဘဲ လက်ခံပေးလို့ရတယ်ဒီရုပ်ရှင်အကျဉ်းကတော့ လူတွေအထင်လွဲပြီး ကြောက်ကြတဲ့ အစိမ်းရောင် မှော်ဆရာမလေး အယ်ဖာဘာ နဲ့ လူတိုင်းချစ်ကြတဲ့ ကောင်မလေး ဂလင်ဒါတို့ မှော်ကျောင်းကြီးမှာ သူငယ်ချင်းဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ အော့ဇ်တိုင်းပြည်ရဲ့ မှော်ဆရာကြီးနဲ့ တွေ့ဖို့ သွားကြရင်း မထင်ထားတဲ့ စွန့်စားခန်းတွေ ဖြစ်ပေါ်လာပုံနဲ့ ကြောက်စရာစုန်းမဆိုးကြီး ပေါ်ပေါက်လာပုံကို ပြသထားတာပဲဖြစ်ပါတယ်။ 
သေချာပေါက် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ..Credit Review