Army of Thieves 2021 - 4K

 
4K UHD Movie - CODE - 4KS78
Video Qualities: 2160p SDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 22.4 GB 📁

Army of the Thieves 2021 ဒီကားက ဒီနှစ်အ​စောပိုင်းမှာ ထွက်ရှိထားတဲ့ Army of the Deadရဲ့ တိုက်ရိုက် Prequelဖြစ်ပြီး Dieterအဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသား Matthias Schweighöfer ကိုယ်တိုင် ရိုက်ကူးထားတာပါ၊ ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊ မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာ သူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊ သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာ သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲ ခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ... Army of Dead franchise ရဲ့ မူမပျက်​အောင် ​သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊ အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့ အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ 
အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်