Bluray Movie - CODE - BR006
Video Qualities: 1080p REMUX
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 25.3 GB 📁
Fuze (2026) IMDb Rating (6.2) / Rotten Tomatoes (72%) ဒီတစ်ခါတော့ အက်ရှင်နဲ့ မှုခင်းကားကြိုက်တဲ့ သူတွေအတွက် ၂၀၂၅ မှာ ထွက်ထားတဲ့ Fuze ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ပေးထား ပါတယ်။
Hell or High Water ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Mackenzie ရိုက်ကူးထားပြီး မင်းသားချော Aaron Taylor-Johnson၊
Theo James နဲ့ Avatar မင်းသားကြီး Sam Worthington တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း - ဒန်မြို့လယ်ခေါင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ဒုတိယကမ္ဘာစစ်တုန်းက မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးကြီးတစ်လုံးကို တူးဖော်တွေ့
ရှိသွားရာကနေ ဇာတ်လမ်းစပါတယ်။
ဗုံးအန္တရာယ်ကြောင့် အနီးအနားက လူတွေကို အကုန်ရွှေ့ပြောင်းရပြီး မြို့ကြီးတစ်ခုလုံး ဗြောင်းဆန်သွားပါတယ်။
ဒီအချိန်မှာ ဗုံးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင် Major Will Tranter (Aaron Taylor-Johnson) က ဗုံးကို သွားရှင်းရပါတယ်။
ဒါပေမဲ့ အခြေအနေတွေ ရှုပ်ယှက်ခတ်ပြီး လူတွေ အာရုံများနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး Karalis (Theo James) ဦးဆောင်တဲ့
ဘဏ်ဖောက်သမား တစ်စုက ဘဏ်တစ်ခုကို ဖောက်ပြီး စိန်တွေ၊ ငွေတွေ ဝင်ခိုးဖို့ ကြိုးစားပါတော့တယ်။ ဗုံးကလည်း အချိန်ကိုက် ပေါက်ဖို့ဖြစ်နေ၊
ရဲတွေကလည်း ရိပ်မိသွားပြီး လိုက်ဖမ်း၊ ဘဏ်ဖောက်သမားတွေကလည်း လွတ်အောင်ပြေးရနဲ့ တော်တော်လေးကို အချိတ်အဆက်မိမိ
ဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးပါ။
ဇာတ်ကားက ပွဲစတာနဲ့ အချိန်ဆွဲမနေဘဲ တန်းပြီး အက်ရှင်တွေ၊ အလှည့်အပြောင်းတွေနဲ့ ဆွဲခေါ်သွားတာပါ။
ကြည့်နေရင်းနဲ့ ဘယ်သူက ဘယ်သူ့ကို သစ္စာဖောက်မလဲ ဆိုပြီး ရင်တမမနဲ့ ကြည့်ရမယ့် ကားမျိုးပါ။
ဇာတ်လမ်းထဲမှာ ကိုယ်ထင်မထားတဲ့ အလှည့်အပြောင်း (Plot twists) တွေ အများကြီး ပါပါတယ်။
ကြာချိန်က ၁ နာရီနဲ့ ၃၈ မိနစ် (၉၈ မိနစ်) ပဲ ရှိတာမလို့ ပျင်းဖို့ အချိန်တောင် ရလိုက်မှာ မဟုတ်ပါဘူး။
အက်ရှင်ခပ်သွက်သွက်နဲ့ အလှည့်အပြောင်းတွေ အများကြီးပါတဲ့ ရုပ်ရှင်မျိုးကို သဘောကျတယ် ဆိုရင်တော့ ဒီ Fuze ကားလေးကို
လက်မလွတ်တမ်း ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..Credit Review
-picsay%20(27).jpg)