Bluray Movie - CODE - BR013
Video Qualities: 1080p REMUX
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 21.9 GB 📁
Deep Water (2026) ငါးမန်းတွေ ဝိုင်းကိုက်မဲ့နေရာကို လေယာဉ်ပျက်ကျတဲ့ ကံထူးရှင်များ ဒီတစ်ခါတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "Deep Water" ဆိုတဲ့ သဲထိတ်ရင်ဖို Survival ကားလေးအကြောင်းတင်ပေးထားပါတယ်။
ဒီကားကို နာမည်ကြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားပြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Aaron Eckhart နဲ့ Ben Kingsley
တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းလေးက လော့စ်အိန်ဂျလိစ်ကနေ ရှန်ဟိုင်းကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်ကြီးတစ်စီး ပစိဖိတ်သမုဒ္ဒရာထဲကို
ပျက်ကျသွားရာကနေ စထားပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကတော့ ခရီးသည်တစ်ယောက်ရဲ့ Power Bank မီးလောင်ပေါက်ကွဲရာကနေ
လေယာဉ်ကိုယ်ထည် ပေါက်ထွက်သွားလို့ပါ။
ကပ္ပတိန်ဖြစ်သူက သမုဒ္ဒရာထဲကို အရေးပေါ် ဆင်းသက်နိုင်ခဲ့ပေမဲ့ လေယာဉ်က သန္တာကျောက်တန်းကို ဝင်တိုက်မိပြီး အပိုင်း သုံးပိုင်း ကွဲသွားပါတယ်။
လေယာဉ်ပျက်ကျတဲ့ ဒဏ်ကနေ အသက်ရှင်ခဲ့ပေမဲ့ အဲဒီလူတွေအတွက် အဆိုးဆုံး အန္တရာယ်က စောင့်ကြိုနေပါတယ်။
အဲဒါကတော့ သွေးနံ့ရပြီး အနားကို ဝိုင်းအုံရောက်ရှိလာတဲ့ ငါးမန်းအုပ်ကြီးတွေပါပဲ။ အသက်ရှင်ကျန်ရစ်သူတွေဟာ ရေထဲမှာ နစ်မြုပ်နေတဲ့
လေယာဉ်အပျက်အစီးတွေထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း၊ တစ်ဖက်မှာလည်း ငါးမန်းတွေရဲ့ အန္တရာယ်ကနေ အသက်လု ပြေးကြရပါတယ်။
ဒီကားလေးက လေယာဉ်ပျက်ကျတဲ့ အက်ရှင်အခန်းတွေရော၊ ငါးမန်းတွေဘေးကနေ ထိတ်လန့်တကြား ထွက်ပြေးရတဲ့ အခန်းတွေပါ ပါဝင်တာမို့
Survival ကားတွေ ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။
အသက်လုရုန်းကန်ရတဲ့ အခြေအနေမှာ လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း သေသေချာချာ ရိုက်ပြထားပါတယ်။
အားလပ်ရက်မှာ ရင်တမမနဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်လို့ လက်လွတ်မခံသင့်ပါဘူး..Credit Review
-picsay%20(34).jpg)