Largo Winch: Le prix de l'argent 2025 - Bluray

 
Bluray Movie - CODE - BR001
Video Qualities: 1080p REMUX
Audio Qualities: TrueHD 7.1 Atmos
Subtitle: Burmese - English
File Size: 18.9 GB 📁

Largo Winch: Le prix de l'argent (2025) IMDb Rating (6.1)
ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winch ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/ Actionကားလေးပဲဖြစ်ပါတယ်… Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက် ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယား Fight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… Drama ဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့ အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေ နှစ်သက်ကြမှာ အမှန်ပါပဲ… ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေး လုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခု Largo Winch အကြောင်းရုပ်ရှင်မှာ ကျယ်ပြန့်တဲ့နောက်ခံ ရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်… Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသား Tomer Sisley အပြင် ယခုတတိယကားလေးမှာတော့ နာမည်ကျော် မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာဖြစ်လို့ James Franco ပရိသတ်များအနေနဲ့လည်း အချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ… Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲ James Franco သရုပ်ဆောင်ထားတဲ့ Ezio Burntwood ဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ် သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ 
ကြည့်လိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…..Credit Review