Humint 2026 - 4K

 
4K UHD Movie - CODE - 4KS75
Video Qualities: 2160p SDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 23.4 GB 📁

Humint (2026) IMDb Rating (6.5) အက်ရှင်အလန်းစား ကားတွေကို စောင့်မျှော်နေကြသူများအတွက် Zo In-Sung, Park Jeong-Min,
Shin Sae-Kyeong, Park Hae-Jun တို့လို ထိတ်ထိတ်ကြဲ မင်းသား၊ မင်းသမီးတွေ အဓိက 
ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် စပိုင်အက်ရှင်ကားသစ်ကြီးကတော့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ 
HUMINT ဆိုတာကတော့ "Human Intelligence" ရဲ့ အတိုကောက် စကားလုံးဖြစ်ပြီး 
သတင်းပေး၊ ထောက်လှမ်းရေးသမားစတဲ့ လူသားအရင်းအမြစ်တွေကို အသုံးချပြီး 
သတင်းအချက်အလက် စုဆောင်းရယူတဲ့ ထောက်လှမ်းရေးလောက အသုံးအနှုန်းတစ်ခုပါ။ 
- ဇာတ်လမ်းအကျဉ်း - တောင်ကိုးရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဌာနမှူးဂျို (Zo In-Sung) ကတော့ 
အရှေ့တောင်အာရှမှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ခြေရာခံလိုက်နေသူပါ။ 
သူဟာ HUMINT စစ်ဆင်ရေးတစ်ခုအတွင်းမှာ အသက်ပေးလိုက်ရတဲ့ သတင်းပေး ချန်ထားခဲ့တဲ့ 
သဲလွန်စနောက်ကို လိုက်ပြီး ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ဆီ ရောက်ရှိလာခဲ့ပါတယ်။ 
အဲဒီမြို့မှာ ဌာနမှူးဂျိုဟာ မြောက်ကိုးရီးယားစားသောက်ဆိုင် ဝန်ထမ်းမလေး ချယ်ဆွန်းဟွာ (Shin Sae-Kyeong)နဲ့ 
ဆုံတွေ့မိပြီး ဆွန်းဟွာကို သူ့ရဲ့ HUMINT စစ်ဆင်ရေးအသစ်အတွက် သတင်းပေးအဖြစ် ရွေးချယ်လိုက်ပါတော့တယ်။
တစ်ဖက်မှာလည်း နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ လူပျောက်မှုတွေကို စုံစမ်းဖို့အတွက် ဗလာဒီဗော့စတော့မြို့ဆီ 
စေလွှတ်ခြင်းခံရတဲ့ မြောက်ကိုးရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ခေါင်းဆောင် ဘတ်ဂွန်း (Park Jeong-Min) ဆိုသူက 
ဒီအမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုးရီးယား ကောင်စစ်ဝန်ချုပ် ဟွမ်ချီဆောင်း (Park Hae-Jun) ရှိနေမှန်း သိလိုက်ရပါတော့တယ်။ 
မတူညီတဲ့ ပန်းတိုင်ကိုယ်စီနဲ့ ဗလာဒီဗော့စတော့မြို့မှာ ထိပ်တိုက်ဆုံတွေ့မိကြတဲ့ မြောက်နဲ့‌ တောင်ကိုးရီးယား အေးဂျင့်တွေရဲ့ အားပြိုင်ပုံကို ဒီဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ 
ဆက်လက် ကြည့်ရှုလိုက်ကြပါဦး..Credit Review