No Other Choice 2026 - 4K

 
4K UHD Movie - CODE - 4KS77
Video Qualities: 2160p SDR
Audio Qualities: DTS-HD MA 5.1
Subtitle: Burmese - English
File Size: 27.4 GB 📁

No Other Choice (2025) IMDb Rating (7.9) / Rotten Tomatoes (100%) ဒီတစ်ခေါက်မှာတော့  ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့  IMDb 7.9/10 အထိ ရရှိထားပြီး 
ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆုပေါင်းများစွာကို သိမ်းယူနေတဲ့ ရုပ်ရှင်ကားကောင်းလေး 
ထွက်ရှိလို့လာပါပြီ။ Donald E. Westlake ရဲ့ နာမည်ကြီး Mystery, Thriller ဝတ္ထုဖြစ်တဲ့ "The Ax" ဝတ္ထုကို
အခြေခံရိုက်ထားတဲ့ ဒီကားလေးကိုတော့ Old Boy၊ The Handmaiden စတဲ့ နာမည်ကြီးလက်ရာများကို ဖန်တီးခဲ့တဲ့ 
ဒါရိုက်တာ Park Chan Wook က ရိုက်ကူးထားပြီး Cast တွေအနေနဲ့လည်း ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြတဲ့
Lee Byung-Hun၊ Son Ye-Jin၊ Cha Seung-Won တို့အပြင် Park Hee-Soon၊ Lee Sung-Min၊ 
yum Hye-Ran စတဲ့ ပရိသတ်ကြီးတို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။ 
ဇာတ်လမ်းအညွှန်း ~ ဂရုစိုက်တဲ့ဇနီးသည်၊ ကလေးနှစ်ယောက်၊ ခွေးနှစ်ကောင်နဲ့ ခက်ခက်ခဲခဲ ဝယ်ခဲ့ရတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ 
ဘဝကိုပျော်ပျော်ရွှင်ရွှင်  ဖြတ်သန်းနေတဲ့ ယူမန်ဆူ (Lee Byung-Hun) ရဲ့ ဘဝဟာ ၂၅ နှစ်ကျော် အလုပ်လုပ်လာခဲ့တဲ့
စက္ကူကုမ္ပဏီကနေ ရုတ်တရက် အလုပ်ပြုတ်သွားပြီးနောက်မှာတော့ ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။ 
အချိန်အတော်ကြာ အလုပ်ပြန်မဝင်နိုင်တာကြောင့် ငယ်ဘဝရဲ့အမှတ်တရတွေရှိနေတဲ့ အိမ်ကိုလည်းရောင်းရတော့မလို 
အခြေအနေဖြစ်သွားပြီး မိသားစုဝင်တွေကိုလည်း ကျွေးမွေးဖို့တာဝန်ရှိတဲ့ မန်ဆူတစ်ယောက် အလုပ်ပြန်ရဖို့ရန်အတွက် အနှောက်အယှက်တစ်ခုလိုဖြစ်နေတဲ့ လူတွေကို ရှင်းထုတ်ပစ်ဖို့ 
ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်မှာတော့.....Credit Review